Welcome to our B.E.H.S No (1) YanKin
ဤ၀က်ဘ်ဆိုက်ကို အ.ထ.က (၁) ရန်ကင်း ကျောင်းသား/ကျောင်းသူ ဟောင်းများ အားလုံး (မည်သည့်နှစ်အတွက်မဆို) ရည်ရွယ်ပါသည်။
သူငယ်ချင်းများအားလုံးကို တို့ကျောင်းတော်ကြီးနှင့်ပတ်သက်သော Information များပေးရန် လွှင့်တင်လိုက်ခြင်းဖြစ်ပါသည်။
သူငယ်ချင်းများအားလုံးကို တို့ကျောင်းတော်ကြီးနှင့်ပတ်သက်သော Information များပေးရန် လွှင့်တင်လိုက်ခြင်းဖြစ်ပါသည်။
အ.ထ.က (၁) ရန်ကင်း ၁၉၉၀-၂၀၀၁ ကျောင်းသားဟောင်းများ၏
ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ (၂၀၁၃)
ဖြစ်မြောက်ရေး ကော်မတီ (ပြည်ပ) ကို ၂၀၁၃ ဇန်န၀ါရီ (၁၃)ရက် တနင်္ဂနွေနေ့တွင် စင်ကာပူရောက် ကျောင်းသားဟောင်းများ တွေ့ဆုံဆွေးနွေးတိုင်ပင်ကာ
ဖွဲ့စည်းလိုက်ပါသည်။ လောလောဆယ် ကော်မတီတွင် အလုပ်အမှုဆောင် အဖွဲ့ဝင် လေးဦးဖြင့် စတင်ဖွဲ့စည်းထားပါသည်။
ထပ်မံ၍ လုပ်အားပေးပါဝင်ရန် သူငယ်ချင်းများကို ဖိတ်ခေါ်ပါသည်။ မြတ်ဆရာပူဇော်ပွဲ အစီအစဉ် အကြမ်းဖျဉ်းကို လျာထားပါသည်။
ဖြစ်မြောက်ရေး ကော်မတီ (ပြည်တွင်း) ကိုလည်း ပြည်တွင်းရှိ ကျောင်းသားဟောင်းများ တွေ့ဆုံဆွေးနွေးတိုင်ပင်ကာ
ဖွဲ့စည်းပေးပါရန်။
ဖွဲ့စည်းလိုက်ပါသည်။ လောလောဆယ် ကော်မတီတွင် အလုပ်အမှုဆောင် အဖွဲ့ဝင် လေးဦးဖြင့် စတင်ဖွဲ့စည်းထားပါသည်။
ထပ်မံ၍ လုပ်အားပေးပါဝင်ရန် သူငယ်ချင်းများကို ဖိတ်ခေါ်ပါသည်။ မြတ်ဆရာပူဇော်ပွဲ အစီအစဉ် အကြမ်းဖျဉ်းကို လျာထားပါသည်။
ဖြစ်မြောက်ရေး ကော်မတီ (ပြည်တွင်း) ကိုလည်း ပြည်တွင်းရှိ ကျောင်းသားဟောင်းများ တွေ့ဆုံဆွေးနွေးတိုင်ပင်ကာ
ဖွဲ့စည်းပေးပါရန်။
တို့ကျောင်း
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း။
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း။
မြတ်ဆရာ ကဗျာ
အတတ်လဲသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့ ဟု
ရှေးကဆိုထား ဝတ်ငါးပါးကို
တစ်ပါးမယွင်း ပြည့်စုံခြင်းဖြင့်
ကျောနှင့် ရင်သား မခွဲခြားဘဲ
တပည့်များကို စေတနာပိုစွာ
ညွှန်ကာလမ်းပြ ဆိုဆုံးမသည်---
ကျေးဇူးကမ္ဘာ အိုဆရာ ။ ။
နေ့ကိုလမြို လကိုနှစ်စား
ကာလရထား၏
ခရီးသွားများ သင်္ခါရတရားကြောင့်
ဇရာကမြို ပင်စင်အိုနှင့်
တစ်ကိုယ်တည်းသာ နေရပါလည်း
ငါတို့တပည့်များ လောကကြားဝယ်
အန္တရာယ်ကင်းစေ စီးပွားဝေပြီး
ရာထူးဌာန တိုးတတ်ကြကြောင်း
ဆုမွန်တောင်းကာ မေတ္တာဖြာသည်---
ဇရာအိုလည်း စေတနာပျိုကာ သတိရရှာသည်---
မေတ္တာကမ္ဘာ အိုဆရာ ။ ။
ဘဝတိုက်ပွဲ လောကထဲဝယ်
ဆင်နွဲချိန်ခါ များပြသ၁နာတို့ ကြုံကြိုက်လာတိုင်း--
တို့ငယ်ငယ်က ဆိုဆုံးမသည့်
ဆရာ့စေတနာ ပိုသိလာခဲ့ ။
ဆရာသင်ထား ပညာများဖြင့်
အသုံးချဘဝမှာ ကြုံကြိုက်လာတိုင်း
ဆရာ့စေတနာ ပိုသိလာခဲ့ ။
မေတ္တာတရား --လက်ကိုင်ထားရန် --
ရန်လိုစိတ်များ --ချေမှုန်းထားရန် --
ပညာရပ်များ --ကြိုးကုတ်ပွားရန် --
သူငယ်ချင်း အချင်းချင်း --ယိုင်းပင်းတတ်ရန်--
အားငယ်သူအား --ဂရုဏာထားရန်--
ရွယ်တူအများ --လေးစားကြရန် --
ကြီးသူကိုက --ရိုသေကြရန် --
ကောင်းရန်ရည်ကာ စေတနာဖြင့်
ပြောဆိုဆုံးမ ရိုက်ပုတ်ကြစဉ်-
ငယ်စဉ်အတွေး နုနယ်သေးလို့
စိတ်ခုမိတာ အခါခါလည်း
ခုများနောင်တ အခါခါရမိ
မလိမ္မာမိုက်မှား တပည့်သားကို
ခွင့်လွှတ်ပေးပါ အိုဆရာ ----
ဆရာ့စေတနာ သတိရသူတိုင်း
ဝိုင်းဝန်းစုစည်း လက်တွဲပြီးလျှင်
ဆင်နွဲဖို့ရာ မြတ်ပူဇာကို
တို့တွေ ခုမှစ လူစုပြီ။
သူငယ်ချင်း ----
မင်းလည်းခုခါ ကြုံကြိုက်လာလျှင်
မြတ်ဆရာပူဇော်ပွဲ တူယှဉ်နွဲဘို့
လက်ကမ်းဆင့်ကာ ကြိုဆိုပါသည်
တစ်ချိန်မှာတို့တတွေ အိုကြလေသော်---
ဆရာ့ကျေးဇူး မဆပ်ဖူးလို့
စိတ်မှာနောင်တ မရကြဘို့
ခုကတဲက လက်တွဲကြမယ်
တွဲလက်ခိုင်မြဲ တည်စေသောဝ် ။ ။
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့ ဟု
ရှေးကဆိုထား ဝတ်ငါးပါးကို
တစ်ပါးမယွင်း ပြည့်စုံခြင်းဖြင့်
ကျောနှင့် ရင်သား မခွဲခြားဘဲ
တပည့်များကို စေတနာပိုစွာ
ညွှန်ကာလမ်းပြ ဆိုဆုံးမသည်---
ကျေးဇူးကမ္ဘာ အိုဆရာ ။ ။
နေ့ကိုလမြို လကိုနှစ်စား
ကာလရထား၏
ခရီးသွားများ သင်္ခါရတရားကြောင့်
ဇရာကမြို ပင်စင်အိုနှင့်
တစ်ကိုယ်တည်းသာ နေရပါလည်း
ငါတို့တပည့်များ လောကကြားဝယ်
အန္တရာယ်ကင်းစေ စီးပွားဝေပြီး
ရာထူးဌာန တိုးတတ်ကြကြောင်း
ဆုမွန်တောင်းကာ မေတ္တာဖြာသည်---
ဇရာအိုလည်း စေတနာပျိုကာ သတိရရှာသည်---
မေတ္တာကမ္ဘာ အိုဆရာ ။ ။
ဘဝတိုက်ပွဲ လောကထဲဝယ်
ဆင်နွဲချိန်ခါ များပြသ၁နာတို့ ကြုံကြိုက်လာတိုင်း--
တို့ငယ်ငယ်က ဆိုဆုံးမသည့်
ဆရာ့စေတနာ ပိုသိလာခဲ့ ။
ဆရာသင်ထား ပညာများဖြင့်
အသုံးချဘဝမှာ ကြုံကြိုက်လာတိုင်း
ဆရာ့စေတနာ ပိုသိလာခဲ့ ။
မေတ္တာတရား --လက်ကိုင်ထားရန် --
ရန်လိုစိတ်များ --ချေမှုန်းထားရန် --
ပညာရပ်များ --ကြိုးကုတ်ပွားရန် --
သူငယ်ချင်း အချင်းချင်း --ယိုင်းပင်းတတ်ရန်--
အားငယ်သူအား --ဂရုဏာထားရန်--
ရွယ်တူအများ --လေးစားကြရန် --
ကြီးသူကိုက --ရိုသေကြရန် --
ကောင်းရန်ရည်ကာ စေတနာဖြင့်
ပြောဆိုဆုံးမ ရိုက်ပုတ်ကြစဉ်-
ငယ်စဉ်အတွေး နုနယ်သေးလို့
စိတ်ခုမိတာ အခါခါလည်း
ခုများနောင်တ အခါခါရမိ
မလိမ္မာမိုက်မှား တပည့်သားကို
ခွင့်လွှတ်ပေးပါ အိုဆရာ ----
ဆရာ့စေတနာ သတိရသူတိုင်း
ဝိုင်းဝန်းစုစည်း လက်တွဲပြီးလျှင်
ဆင်နွဲဖို့ရာ မြတ်ပူဇာကို
တို့တွေ ခုမှစ လူစုပြီ။
သူငယ်ချင်း ----
မင်းလည်းခုခါ ကြုံကြိုက်လာလျှင်
မြတ်ဆရာပူဇော်ပွဲ တူယှဉ်နွဲဘို့
လက်ကမ်းဆင့်ကာ ကြိုဆိုပါသည်
တစ်ချိန်မှာတို့တတွေ အိုကြလေသော်---
ဆရာ့ကျေးဇူး မဆပ်ဖူးလို့
စိတ်မှာနောင်တ မရကြဘို့
ခုကတဲက လက်တွဲကြမယ်
တွဲလက်ခိုင်မြဲ တည်စေသောဝ် ။ ။
အ.ထ.က (၁) ရန်ကင်း ကျောင်းသားဟောင်းများ (၁၉၉၀ - ၂၀၀၁)
Website : http://hta1yankin.weebly.com/index.html
Facebook : https://www.facebook.com/groups/152238501592788/
Email : [email protected]
Website : http://hta1yankin.weebly.com/index.html
Facebook : https://www.facebook.com/groups/152238501592788/
Email : [email protected]
This website is created by Hlaine Nandar Htun