အ.ထ.က (၁) ရန်ကင်း ၁၉၉၀-၂၀၀၁ ကျောင်းသားဟောင်းများ၏
ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ (၂၀၁၃)
ဖြစ်မြောက်ရေး ကော်မတီ (ပြည်ပ) ကို ၂၀၁၃ ဇန်န၀ါရီ (၁၃)ရက် တနင်္ဂနွေနေ့တွင် စင်ကာပူရောက် ကျောင်းသားဟောင်းများ တွေ့ဆုံဆွေးနွေးတိုင်ပင်ကာ
ဖွဲ့စည်းလိုက်ပါသည်။ လောလောဆယ် ကော်မတီတွင် အလုပ်အမှုဆောင် အဖွဲ့ဝင် လေးဦးဖြင့် စတင်ဖွဲ့စည်းထားပါသည်။
ထပ်မံ၍ လုပ်အားပေးပါဝင်ရန် သူငယ်ချင်းများကို ဖိတ်ခေါ်ပါသည်။ မြတ်ဆရာပူဇော်ပွဲ အစီအစဉ် အကြမ်းဖျဉ်းကို လျာထားပါသည်။
ဖြစ်မြောက်ရေး ကော်မတီ (ပြည်တွင်း) ကိုလည်း ပြည်တွင်းရှိ ကျောင်းသားဟောင်းများ တွေ့ဆုံဆွေးနွေးတိုင်ပင်ကာ
ဖွဲ့စည်းပေးပါရန်။

ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
၁) အ.ထ.က (၁) ရန်ကင်း ကျောင်းသားဟောင်းများ (ပြည်တွင်း/ပြည်ပ) စာရင်းနှင့် ဆက်သွယ်ရန် contact များ စာရင်းပြုစုခြင်း
၂) ဆက်သွယ် စာရင်းပြုစုခြင်း
၃) ကန်တော့ခံ ဆရာ/ဆရာမများ စာရင်းပြုစုခြင်း
၎) ဆရာ/ဆရာမများ ကို ဆက်သွယ်အကြောင်းကြားခြင်း
၅) မြတ်ဆရာ ကန်တော့ပွဲ အစီအစဉ်ရေးဆွဲခြင်း (နေ့ရက်၊ နေရာ၊ အချိန်)
၆) ဘဏ္ဍာငွေ ရှာဖွေခြင်း
၇) ငွေစာရင်းရှင်းတမ်း တင်ပြခြင်း (ပြည်တွင်း/ပြည်ပ အလှူငွေစာရင်းနှင့် အခမ်းအနားအစီအစဉ် အသေးစိတ် ဆွေးနွေးအတည်ပြုခြင်း)
၈) ဆရာ/ဆရာမများကို ဖိတ်ကြားခြင်း
၉) မြတ်ဆရာ ပူဇော်ပွဲ ကျင်းပခြင်း

This website is created by Hlaine Nandar Htun