သတင်းထုတ်ပြန်ချက် (၁)
အ.ထ.က (၁) ရန်ကင်း ၁၉၉၀-၂၀၀၁ ကျောင်းသားဟောင်းများ၏ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ (၂၀၁၃)
အတွက်ဖြစ်မြောက်ရေး ကော်မတီ (ပြည်ပ) ကို ၂၀၁၃ ဇန်န၀ါရီ (၁၃)ရက် တနင်္ဂနွေနေ့တွင် စင်ကာပူရောက် ကျောင်းသားဟောင်းများ တွေ့ဆုံဆွေးနွေးတိုင်ပင်ကာ
ဖွဲ့စည်းလိုက်ပါသည်။ လောလောဆယ် ကော်မတီတွင် အလုပ်အမှုဆောင် အဖွဲ့ဝင် လေးဦးဖြင့် စတင်ဖွဲ့စည်းထားပါသည်။ ထပ်မံ၍ လုပ်အားပေးပါဝင်ရန် သူငယ်ချင်းများကို ဖိတ်ခေါ်ပါသည်။ မြတ်ဆရာပူဇော်ပွဲ အစီအစဉ် အကြမ်းဖျဉ်းကို လျာထားပါသည်။ ဖြစ်မြောက်ရေး ကော်မတီ (ပြည်တွင်း) ကိုလည်း ပြည်တွင်းရှိ ကျောင်းသားဟောင်းများ တွေ့ဆုံဆွေးနွေးတိုင်ပင်ကာ ဖွဲ့စည်းပေးပါရန်။
မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီ
1) Htat Hlaing Min (အထွေထွေ အတွင်းရေးမှူး) +6596192964
2) Wai Myo Kyaw (တွဲဘက် အထွေထွေ အတွင်းရေးမှူး) :+6590627617
3) Phyo Myat Maw (စည်းရုံးရေးမှူး) : +6593897622
4) Hlaine Nandar Htun (ဘဏ္ဍာရေးမှူး) : +6596333042
စင်ကာပူရောက် အ.ထ.က (၁) ရန်ကင်း ကျောင်းသားဟောင်း အမာခံ(၆) ဦး စုစည်းထားပြီးဖြစ်ပါသည်။
ပြည်ပရောက် ကျောင်းသားဟောင်းများအတွက် မြတ်ဆရာကန်တော့ပွဲဖြစ်မြောက်ရေးအတွက်
ယခု ၂၀၁၃ ဇန်န၀ါရီလမှစတင်ကာ တစ်လလျှင် တစ်ဦးကို S$ စင်ကာပူဒေါ်လာ ၂၀ စီ (minimum အနည်းဆုံး) ထည့်ဝင်ရန် သတ်မှတ်ထားပါသည်။
ပြည်တွင်းရှိ ကျောင်းသားဟောင်းများသည်လည်း တစ်လလျှင် တစ်ဦးကို သင့်တင့်သော မြန်မာကျပ်ငွေဖြင့် သတ်မှတ်ပြီး အလှူငွေထည့်ဝင်စေကာ
မြတ်ဆရာကန်တော့ပွဲအတွက် ဘဏ္ဍာငွေများ စုစည်းသွားပါမည်။
အလှူရှင်များအား စာရင်းဇယားကိုလည်း လစဉ် ဖော်ပြပေးသွားပါမည်။
လောလောဆယ် ကောက်ခံရရှိသော အလှူငွေစာရင်းမှာ -
1/ Wai Myo Kyaw - S$ 30.00
2/ Htat Hlaing Min - S$ 30.00
3/ Phyo Myat Maw - S$ 30.00
4/ Hlaine Nandar Htun - S$ 30.00
တို့ဖြစ်ကြပါသည်။
ယခုအလှူငွေသည် ဇန်န၀ါရီလအတွက် ဖြစ်ပါသည်။

This website is created by Hlaine Nandar Htun